Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုလီမိတက်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ


26 Jan,2024

တောင်ကြီး၊ ဇန်နဝါရီ ၂၆

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ 2019– 2020 မှ 2022–2023 ထိ ဘဏ္ဍာရေးနှစ်များအတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့်အမှုဆောင်အဖွဲ့များ၊ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 အစည်းအဝေးသို့ သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှထွန်းက အသင်း၏လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူးက အမှာစကားပြောကြားခဲ့သည်။ မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းကာ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အတည်ပြုချက်ရယူ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပြီး သက်တမ်းပြည့် အမှုဆောင်များ နုတ်ထွက်ခဲ့ကြသည်။

          ဆက်လက်ပြီး အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ သဘာပတိ အဖြစ်ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က ဆောင်ရွက် ပြီး အမှုဆောင်သစ်ရွေးချယ်ရာတွင် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားအရ ရွေးချယ်ခဲ့ပြီး တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ အသစ်မှ မိတ်ဆက်စကားပြောကြားပြီး သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm