ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေဖြင့် စမ်းသီတာ(၆)မိုင်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို (၁၃-၁-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်နှင့် မြို့နယ်စီမံကိန်းဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ စမ်းသီတာ(၆)မိုင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းပံ့ပိုးရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ စမ်းသီတာ(၆)မိုင်ကျေးရွာ ကျေးရွာဘက်စုံသုံးခန်း အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ ရှိ ခန်းမတည်ဆောက်ခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေကျပ် ၃၃ ဒသမ ၇၆ သိန်း၊ စုစုပေါင်းငွေကျပ် ၁၈၃ ဒသမ ၇၆ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်