Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် မကျီးစု-ဇီးပွား(ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


25 Jan,2024

ချောက် ဇန်နဝါရီ ၂၅

          မကွေးတိုင်းဒေကြီး ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ( ပြင်ဆင်ထိန်းသိမ်းရေး)ခွင့်ပြုရန်ပုံငွေ ၁၂ ဒသမ ၆၇ သန်း ဖြင့် ဆောင်ရွက်သည့် မကျီးစု-ဇီးပွား(ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်းမြေသားတာဘောင်တင်၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ် နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ များက ကျေးရွာ ကော်မတီဝင်များ နှင့်အတူ မကျီးစု-ဇီးပွား(ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်း မြေသားတာဘောင်တင်၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ် က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိမ်းသိန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

          ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်၌ ချောက်မြို့နယ် မကျီးစု-ဇီးပွား(ချောက်-မကွေး) ကျေးရွာချင်းဆက်လမ်း အရှည် ၅ ဖာလုံ ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မ မြေသားတာဘောင်တင်၍ မြေနီခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများ က ၂၀၂၃ခုနှစ် ဇွန်လ  စတုတ္ထပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာ ၃ ရွာ ၊အိမ်ခြေ ၅၉၃ အိမ်နှင့် လူဦးရေ ၂၄၂၇ ဦးတို့အတွက် လူမှုရေး၊ပညာရေး၊ကျန်းမာရေးတို့အတွက် ရာသီမရွေးသွားလာရ အဆင်ပြေနေပြီ ဖြစ်ကြောင်း  ချောက်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်  ထံမှ သိရသည်။   


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm