ပုဗ္ဗသီရိ ဇန်နဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီး ရရှိစေရန် ရည်ရွယ်၍ ဥယျာဉ်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇန်နဝါရီ ၂၂ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်စီမံကိန်း တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းလှိုင်က ဥယျာဉ်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ် ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၃ ဒသမ ၂၇သန်း လွှဲပြောင်းပေးအပ်သည်၊၊
ထို့နောက် ဥယျာဉ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဆဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၄ဦး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ နှစ်ဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၆၄ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၃ ဒသမ ၂၇သန်း ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်၊၊
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်