မိုင်းဖြတ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် နမ့်လောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီလ၂၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် နှင့် မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ နမ့်လောက်ကျေးရွာ ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကျေးရွာ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်းလမ်း အရှည် ပေ ၆၈၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် နှစ်ဆယ့်ခုနှစ်သိန်း ခြောက်သောင်း ၊ စုစုပေါင်းငွေကျပ် တစ်ရာခုနှစ်ဆယ့်ခုနှစ်သိန်း ခြောက်သောင်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ နည်းပညာ ပံ့ပိုးမှု၊ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မေလွင် ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်