Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာလျှောက်လှမ်း အနာဂတ်လမ်း


28 Jun,2022

ကျွန်တော်တို့နိုင်ငံမှာ ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှ တိုးတက်ပြောင်းလဲလာမှု‌တွေလဲ မြန်ဆန်လာခဲ့ပါတယ်။ ဒီလိုတိုးတက်ပြောင်းလဲမှုတွေထဲမှာ အစဉ်အလာတစ်ခုအနေနဲ့ ရပ်တည်ခဲ့တဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတစ်ခုဖြစ်တဲ့ သမဝါယမလုပ်ငန်းစဉ်လဲ မရှိမဖြစ်  ပါဝင်ခဲ့ ပါတယ်။ မြန်မာ့ သမိုင်းကြောင်းတစ်လျှောက်မှာ ရာစုနှစ်တစ်ခုတိုင်အောင် ရပ်တည်နိုင်ခဲ့တဲ့ သမဝါယမလုပ်ငန်းတွေဟာ ပြည်သူတွေဘဝကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဖန်တီးနိုင်စွမ်း ရှိခဲ့ပါတယ်။ သမိုင်းအစဉ်အလာ ကြီးမားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုတွေ ရသင့်သလောက်မရခဲ့ပါဘူး။ အတိတ်မှာ နာမည်ကောင်းတစ်ခုအဖြစ် မကျန်ခဲ့ပေမယ့် ယနေ့အချိန်ထိ အများအကျိုးပြုလုပ်ငန်းများစွာနဲ့ ပြည်သူ တွေရဲ့အကျိုးကို တစ်ဖက်တစ်လမ်းကနေ ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ယနေ့လက်ရှိအချိန်မှာတော့ သမဝါယမလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်မှု တွေကြောင့် လူမှုရေး၊ စီးပွားရေး လုပ်ငန်းတွေမှာ များစွာ အကျိုးဖြစ်ထွန်းစေပြီးတော့ နိုင်ငံတော် တိုးတက်ရေးမှာလည်း တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပါဝင်လာနိုင်ခဲ့ပါတယ်။ သမဝါယမ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ပြည်သူအများ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ သမဝါယမ လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသော ဖွဲ့စည်းပြီး သမဝါယမအသင်းများ၊ ဝန်ထမ်း များက သမဝါယမကျင့်ဝတ်များနှင့်အညီ ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း၊ အများ အကျိုးကို အလေးထားခြင်းစသည့်  စံနမူနာကောင်းများ  ကျင့်သုံးလျက်ရှိပြီး ကမ္ဘာလောက ပိုမို ကောင်းမွန်ရေး၊ သမဝါယမများက တည်ဆောက်ပေး ဟူသော ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သော အနာဂါတ်ဘဝများကို သမဝါယမလုပ်ငန်းများဖြင့် အဆင့်မြှင့်တင် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ လက်ရှိအခြေအနေမှာလဲ သမဝါယမလုပ်ငန်းတွေကို ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်လာအောင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး  အကျဉ်းချုံးဖော်ပြ ပေးလိုက်ပါတယ်။ လုပ်ငန်းစဉ်တွေ စနစ်တကျလည်ပတ်နိုင်ဖို့  ခေတ်စနစ်နဲ့အညီ ကျစ်လစ်ခိုင်မာတဲ့ သမဝါယမအသင်း ပေါင်းများစွာ ဖွဲ့စည်းတည်ထောင်ပေးပြီး၊ အခြေခံပြည်သူများအတွက် စီးပွားရေး လုပ်ငန်းများ ရင်းနှီးလုပ်ကိုင်စားသောက်နိုင်ရန် အသေးစားအရင်းအနှီးချေးငွေ ထုတ်ချေးပေးခြင်း လုပ်ငန်း၊ လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း လုပ်ငန်း ၊ မြေယာပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမ အသင်းများ ပေါ်ပေါက်လာရေးနှင့် လယ်ယာသွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်း၊ သမဝါယမ အသင်းများအား အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်း၊ အကူအညီအထောက်အပံ့ နှင့် ငွေကြေးအရင်း အနှီး ရယူဆောင်ရွက်ရေးလုပ်ငန်း၊ ပညာပေးရေးလုပ်ငန်း   စသည့်လုပ်ငန်း ဆောင်တာများအား လူမှု အကျိုးစီးပွားပိုမိုဖြစ်ထွန်းစေရန် ရည်ရွယ်၍ အတူတကွပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြ အပ်ပါတယ်။ သမဝါယမ အဖွဲ့အစည်းများတွင်လည်း ဖွဲ့စည်းထားရှိပြီးသော အသင်းများသာမက အသင်းသစ်များအား ထပ်မံဖွဲ့စည်းရေး၊ ပညာပေးရေး၊ ဆွေးနွေးလမ်းညွှန်မှု များနှင့်အတူ အခြေခံ သမဝါယမအသင်းများမှစ၍ ဗဟိုသမဝါယမအသင်းအဆင့်ဆင့်အထိ ကျစ်လစ် ခိုင်မာစွာဖြင့် လူမှု စီးပွားဘဝများကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိ ပါတယ်။ သမဝါယမ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို လက်တွေ့အကောင်  အထည်ဖော်သော နည်း လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  အနာဂတ်မျိုးဆက်သစ် လူငယ်များ လက်ထက်ထိ တိုင်အောင် ပုံရိပ်ကောင်းများထင်ကျန်လာစေရန်နှင့်  ပိုမိုဖွံ့ဖြိုးတိုးတက် နိုင်စေရန်ရည်ရွယ်ပြီး သမဝါယမ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများစွာဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ အနီးကပ်သင်တန်း များကို သမဝါယအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပို့ချလျက်ရှိပါကြောင်းနှင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ သမဝါယမလုပ်ငန်း ဆောင်တာ များနှင့်ပတ်သက်၍ အစီအမံများစွာ ဖော်ဆောင်လျက် ရှိပါကြောင်း ပြည်သူအများ ပိုမိုသိမြင် နားလည်နိုင်စေရန် ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားတင်ပြ အပ်ပါသည်။         

 

သားကြီး (နေပြည်တော်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm