မိုင်းဖြတ် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက ကျေးလက် နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆွပ်ပန်း(ရှမ်း) ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတား ဖောက်လုပ်နေမှု အခြေ အနေများကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ၊တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲခေါင်၊မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ ဆွပ်ပန်း (ရှမ်း)ကျေးရွာ ကုန်ထုတ်လမ်း နှင့် တံတား ဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မိုင်းဖြတ်မြို့နယ်အတွင်း ဆွပ်ပန်း (ရှမ်း) ကျေးရွာ၌ အရှည် ၆ ဒသမ ၆ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ၊ အရှည် ပေ ၂၀ ၊အကျယ် ၁၄ ပေ ၊အမြင့် ၈ ပေ တံတား ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ကို ပြည်နယ် ခွင့်ပြု ရန်ပုံငွေကျပ် ၇၀ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်