တောင်တွင်းကြီး၊ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအောင်းပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၃ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက အောင်းပေါက်ကျေးရွာရှိမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ် ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊သတ်မှတ်ထားသောချေးငွေစာချုပ်ပါအတိုင်းအမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိ၊စာရင်းဇယားများဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၁ဦး နှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၉ဦး၊စုစုပေါင်းအသင်း သား၊အသင်းသူ ၁၂၀ဦးတို့အားမြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၆၈သိန်းထိထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်ကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ကပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်