Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်


24 Jan,2024

မြို့သစ်         ဇန်နဝါရီ         ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ ငွေစာရင်းဇယားများ စနစ်တကျဖြည့်သွင်းတတ်စေရန်နှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူစေရန်ရည်ရွယ်၍ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်က မြစိမ်းရောင်စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်စီမံကိန်းတာဝန်ခံက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရာ၌ ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ၊ လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေထုတ်ချေးမှုပုံစံများနှင့် စီမံကိန်းလက်စွဲပါ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါသင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၁၅ ရွာမှ ကော်မတီဝင် ၃၀ ဦး တက်ရောက်ခဲ့ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm