Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းပြီးစီးမှု စစ်ဆေး


24 Jan,2024

ရပ်စောက် ဇန်နဝါရီ ၂၃

            ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရတနာပုံ(နောက်)- ဆီဆုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဟန်ကိုကိုစိုး၊ ရပ်စောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်စုမြတ်လွင်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ရတနာပုံ(နောက်)-ဆီဆုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ် (တောင် ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်က လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။

            ရပ်စောက်မြို့နယ် ရတနာပုံ(နောက်)-ဆီဆုံ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း အပိုင်း(၁) ၁ ဒသမ ၅ ကီလိုမီတာကို ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၅၂၁ သန်းဖြင့် လရိပ်ကမ်းခြေကုမ္ပဏီကလည်းကောင်း၊ အပိုင်း(၂) ၁ ဒသမ ၅ ကီလိုမီတာကို ပြည်နယ်ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၅၂ သန်းဖြင့် K&P Future Life ကုမ္ပဏီကလည်းကောင်း ၂၀၂၃ ခုနှစ်  ဇူလိုင်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီ ပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်ထံမှ သိရသည်။

ဟိန်းထက်ဇိုး(မလှိုင်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm