မန္တလေး ဇန်နဝါရီ ၂၂
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)၌ အလုပ်အကိုင်အခွင့်အလမ်းမိတ်ဆက်ဟောပြောပွဲအခမ်းအနားကို အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ Great Wall Company ၊ UAB Bank နှင့် Fudo Bakery တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ အတွက် သင်တန်းပြီးဆုံးချိန် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အကျယ်တဝင့် ဟောပြော ဆွေးနွေးခဲ့ကြပြီး အလုပ်အကိုင်ရရှိရန် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်