နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်အတွင်းရှိ ဂွေးပင်စံပြကျေးရွာ၌ ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းဘေး ဝဲ/ယာ အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့် မြို့နယ်တာဝန်ရှိသူများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ ဂွေးပင်စံပြကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ဘေးဝဲ/ယာ အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ဂွေးပင်စံပြကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၃၇၉၀ ပေ အကျယ် တစ်ပေ ခြောက်လက်မ အမြင့် တစ်ပေခြောက်လက်မထု အုတ်ရိုးစီကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၆၉ ဒသမ ၆၃ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့ကာ ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၀ ရာနှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၉၆ အိမ်၊ လူဦးရေ ၁၀၈၄ ဦးနှင့် စိုက်ပျိုးမြေဧက ၁၀၃ ဧကတို့ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်