Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လားရှိုးမြို့နယ် မယ်ဟန်-ရှန်ခိုက်လမ်း၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းပြီးစီးမှု စစ်ဆေး


23 Jan,2024

လားရှိုး ဇန်နဝါရီ ၂၂

       ရှမ်းပြည်နယ် မြောက်ပိုင်း) လားရှိုးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မယ်ဟန်-ရှန်ခိုက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက ၂၁၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၆၇၃ ဒသမ ၅၂၇ သန်းဖြင့် မယ်ဟန်-ရှန်ခိုက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို ကြည်းစစ်ဆေးပြီး လားရှိုးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးစိုးမြတ်ဇော်က လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်း တင်ပြရာ ပြည်နယ်ညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

    လားရှိုးမြို့နယ် မယ်ဟန်-ရန်ခိုက်လမ်းတွင် အရှည် သုံးမိုင် နှင့် ၇ ဒသမ ၁၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် သုံးလက်မရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၆၇၃ ဒသမ ၅၂၇ သန်းအသုံးပြုကာ လားရှိုးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

   အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ပြီးစီးမှုကြောင့် ဒေသမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm