အောင်လံ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အောင်လံ-သံမ္ဘူလလမ်းမှ ရွှေပန်း တောလေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဘိုမင်းနှင့် ဌာနအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က အောင်လံ-သံမ္ဘူလလမ်းမှ ရွှေပန်းတောလေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဦးဘိုမင်းက လိုအပ်သည်များ မှာကြားသည်။
အောင်လံမြို့နယ် ရွှေပန်းတောလေးကျေးရွာတွင် လမ်းအရှည် ၂၂၄၄ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ခုနစ်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၉၅ ဒသမ ၂၃၂ သန်းဖြင့် ကြယ်စင်ရိပ်ကုမ္ပဏီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးပါကကျေးရွာ ၂၈ ရွာရှိ အိမ်ခြေ ၄၇၂ဝ၊ လူ ၂၀၄၉၄ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဘိုမင်းထံမှ သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်