Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မီးဘေးအန္တရာယ် သတိမူရေးနှင်း မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲကျင်းပ


22 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရုံးတွင်း၊ ရုံးပြင်နှင့် ဝန်ထမ်းများအတွက် မီးဘေးအန္တရာယ် သတိမူရေးနှင်း မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမှတ်(၃၆-ဘီ) သုတေသနသင်တန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုဝေဝေထက်က မီးဘေးအန္တရာယ် သတိမူရေးနှင်း မီးဘေးလုံခြုံရေး အသိပညာပေး အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီးနောက် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်  ဝန်ထမ်များ မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm