Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ


20 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၀

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအောင်မြင်ရေး ဦးစီးဌာန (၄)ခု ဝိုင်းဝန်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများအား သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသား တောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product-OVOP) ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေး၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်း များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာထား ဆောင်ရွက်ခြင်းဖြင့် အလုပ်အပေါ် ဂုဏ်ယူတတ် စေရန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရေး၊ ကျန်းမာရေး အသိ လုံခြုံရေးသတိတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်း မှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း၌ ပထမနှစ်၊ ဒုတိယနှစ်၊ ကျောင်းသား ကျောင်းသူများ တက်ရောက်မှု အခြေအနေများ၊ သင်ကြား ပို့ချနေမှု နည်းစနစ်များ၊ သင်တန်းကာလ ၂ နှစ် ပြီးဆုံးသည့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ရရှိရေး Job Fair ပြုလုပ်ပေးမည့် အစီအစဉ်များ၊ ကျောင်းသားကျောင်းသူများ အတွက် စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်၊ စားသောက်ရေးစီစဉ်ပေးထားမှုများနှင့် သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြား လိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ်တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေး အတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်း ကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်း ပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်း ရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm