တောင်တွင်းကြီး၊ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျွဲဖြူကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ်ထုတ်ချေးခြင်းကို ဇန်နဝါရီ ၁၈ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်း ရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုး ကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်း လင်းပြောကြားသည်။
ဆက်လက်၍တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျွဲဖြူကန်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းလုပ်ငန်းအဖွဲ့ဝင်များထံစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၃၀သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့်တာဝန်ရှိသူများက မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကျွဲဖြူကန်ကျေးရွာတွင် ဒသမအကြိမ်အဖြစ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၃ဦးကိုငွေကျပ် ၃၉၀သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူဆယ်ဦးကို ၃၄သိန်း၊အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူနှစ်ဦးကိုငွေကျပ် ၆သိန်း၊ စုစုပေါင်းအသင်းသား၊အသင်းသူ ၁၃၅ ဦးကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၃၀သိန်းထုတ်ချေးပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ထံမှသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်