Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)တွင် ဒုတိယနှစ်သင်တန်းသား/သူများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ကျင်းပ


22 Jan,2024

တောင်ကြီး ဇန်နဝါရီ ၂၂

          ရှမ်းပြည်နယ်၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) တွင် ဒုတိယနှစ်သင်တန်းသား/သူများနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကို အဆိုပါ သင်တန်း ကျောင်းရှိ မြတ်ဘုန်းရောင်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲသို့  ပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများမှ ကြိုက်နှစ်သက်ရာကုမ္ပဏီများသို့ အလုပ်လျှောက်လွှာတင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

          အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမ များနှင့် သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ စုစုပေါင်း (၁၆၈) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်