နေပြည်တော်၊ ဇန်နဝါရီ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် စီမံကိန်းလုပ်ငန်းများ တိုးတက်မှုရှိ/မရှိ၊ အောင်မြင်မှုရှိ/မရှိ တိုင်းတာဆောင်ရွက်နိုင်စေရန် နှင့်စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း သင်တန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Center ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်း (၃)ရက်တာကာလအတွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများကို အဖွဲ့ငယ်များဖွဲ့၍ Finn Civil Aid (FCA) အဖွဲ့ အစည်းမှ M&E ကျွမ်းကျင်ပညာရှင်များက စီမံကိန်း စောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ် သုံးသပ်ခြင်း(M&E) အခြေခံသဘောတရားများ လေ့လာခြင်း၊ စီမံကိန်းတွင် ပါဝင်သည့် ရည်မှန်းချက်များ၊ ရလဒ်များ၊ အညွှန်းကိန်းများအလိုက် M&E Plan ပြုစုရေးဆွဲခြင်း၊ စာရင်းဇယားနှင့် အချက်အလက်များကောက်ယူမည့်ပုံစံ အညွှန်းကိန်းအလိုက် (Data Collection Form) ရေးဆွဲခြင်း၊ စီမံကိန်းအတွက် စာရင်းဇယားနှင့် အချက်အလက်များ ကောက်ယူရန် အညွှန်းကိန်းအလိုက် အွန်လိုင်းပုံစံ (Google Form)တည်ဆောက်ခြင်း၊ စီမံကိန်းအတွက် စာရင်းဇယားနှင့် အချက်အလက်များ ကောက်ယူရန် အညွှန်းကိန်းအလိုက် Google Data Studio တွင် လေ့လာဆန်းစစ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာ ပြုစုခြင်းတို့ကို သင်ကြားပေးပြီး သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။
သင်တန်းကာလ တတိယမြောက်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အဖွဲ့ငယ်များအား စမ်းသပ်ကောက်ယူထားသော (Dummy Data)ကို Google Data Studio တွင် Data Analysis ပြုလုပ်ခြင်း၊ Dashboard Report ရေးဆွဲခြင်း၊ စီမံကိန်းအတွက် စာရင်းဇယားနှင့် အချက်အလက်များကောက် ယူရန် အညွှန်းကိန်းအလိုက် လေ့လာဆန်းစစ်သုံးသပ်ခြင်း၊ မြို့နယ်အလိုက် Work Plan and M&E Plan ရေးဆွဲခြင်းနှင့် တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး Finn Civil Aid (FCA) အဖွဲ့ အစည်းမှ M&E ကျွမ်းကျင်ပညာရှင်များက စီမံကိန်းအတွက် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆင်းပွဲ မွန်းလွဲပိုင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Finn Civil Aid (FCA) အဖွဲ့အစည်းမှ M&E ကျွမ်းကျင်ပညာရှင်များနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်