Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရုံးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ


19 Jan,2024

နေပြည်တော်၊ ဇန်နဝါရီလ ၁၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အမှုထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် မိမိဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် အဓိက လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်သည် များစွာအရေးကြီးပါကြောင်း၊ မည်သည့်နေရာဒေသ၊ မည်သည့်ဌာနပဲ ရောက်ရောက် ရုံးလုပ်ငန်းများနှင့် ကင်းကွာ၍မရပါကြောင်း၊ သင်တန်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သင်တန်းနည်းပြကို ဖိတ်ခေါ်ပြီး ရုံးလုပ်ငန်းများတွင် မဖြစ်မနေ သိရှိမှတ်သားထားရမည့် ရုံးလုပ်ငန်းလက်စွဲနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပေးခဲ့ပြီး ဌာနအနေဖြင့်လည်း ခေါင်းဆောင်မှု၊ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ဆွေးနွေးပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဌာနရှိ လုပ်ငန်းများသည် တစ်ခုနှင့်တစ်ခု၊ တစ်ဌာန နှင့် တစ်ဌာန ဆက်စပ်လျက်ရှိပြီး အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

          အဆိုပါ သင်တန်းတွင် ဦးစီးမှူးအဆင့်နှင့်အောက် အမှုထမ်းဝန်ထမ်း(၁၅)ဦးကို ရုံးလုပ်ငန်း သဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများကို စွမ်းရည်ပြည့်ဝစွာ လုပ်ဆောင်နိုင်စေရန်အတွက် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ ညွှန်ကြားရေးမှူး(စီမံ)နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ သင်တန်းနည်းပြတို့က သင်ကြားဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm