Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီပေါမြို့နယ် မိုင်းလင်း-နားပေါင်း-ဖတ်တုတ်-နားကြိုင်း-ပန်မနတ်လမ်း၌ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


22 Jan,2024

သီပေါ ဇန်နဝါရီ ၂၀

      ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် မိုင်းလင်း-နားပေါင်း-ဖတ်တုတ်-နားကြိုင်း-ပန်မိတ်လမ်း၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုကို ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၀ ဒသမ ၅၇၅ သန်းဖြင့် ဆောင်ရွက်သည့် သီပေါမြို့နယ် မိုးလင်း- နားပေါင်း-ဖတ်တုတ်-နားကြိုင်း-ပန်မိတ်လမ်း၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သီပေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂)(မြို့ပြ) ဒေါ်မြစန္ဒာက လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

    သီပေါမြို့နယ် မိုင်းလင်း-နား ပေါင်း-ဖတ်ဟုတ်-နားကြိုင်း-ပန်မိတ်လမ်း၌ လမ်းအရှည် ခြောက်ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ခြောက်လက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို သီပေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် RTB ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလမ်းခင်းခြင်းပြီးစီးမှုကြောင့် ဒေသမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm