ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန က ခမတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြေပဲနှင့်နေကြာစိုက်ပျိုးရန်အတွက်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီကိန်း (ဆီထွက်သီးနှံ)ချေးငွေအား ဇန်နဝါရီ ၁၆ ရက်ညနေ ၃ နာရီက ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က စီမံကိန်းရည်ရွယ်ချက်၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်၊ လိုက်နာ ရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြောင်းသိရသည်။ ထို့နောက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများကကြီးကြပ်၍ ခမတ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)လုပ်ငန်းအဖွဲ့ဉ က္ကဌ ဒေါ်ခင်လေးညွန့်နှင့်အဖွဲ့ဝင်များက တောင်သူ၂၅ဦးသို့ စိုက်ဧက ၁၅၆ ဧက အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၁၀၀ကို ငွေကျပ် ၁၀၀လျှင် အတိုး ၁ကျပ်နှုန်း တစ်နှစ်ပြည့်အတိုးအရင်းဆပ်စနစ်ဖြင့် စနစ်တကျထုတ်ချေးပေးခဲ့ပြီး မြေပဲစိုက်ခင်း စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်