ဘားအံ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကော့မှန်ကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၇ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကော့မှန်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဂဝံမြေ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားသည်။
ဘားအံမြို့နယ်၊ ကော့မှန်ကျေးရွာ၌ အရှည် သုံးဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် သုံးပေကိုးလက်မရှိ ကျေးလက်ကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၃၃ ဒသမ ၆၅သန်းဖြင့် တင်ဒါအောင်မြင်သည့် ဇော်ထွေးကုမ္ပဏီက ၂၀၂၃ခုနှစ် မေလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လမ်းပြီးစီးပါက ကော့မှန်ကျေးရွာရှိ ကျေးလက်နေပြည်သူများ အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသူရလွင်က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်