သံတောင်ကြီး ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံတောင်ကြီးမြို့နယ်၊ ထမုံ(အထက်) ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးနိုင်မင်းဆွေ၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ထမုံ(အထက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခေတ္တခရိုင်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထမုံ(အထက်) ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၈ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၉ ဦး၊ စုစုပေါင်းအသင်းဝင် ၉၀ ဦးအတွက် ငွေကျပ် ၄၃ ဒသမ ၈ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားသည့်အတွက် အဆိုပါ အရင်းအနှီးငွေများဖြင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်