Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ် ဇလောင်း(တောင်)စံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းနှင့် အုတ်စီရေမြောင်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


19 Jan,2024

နေပြည်တော် ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်အတွင်းရှိ ဇလောင်း(တောင်)စံပြကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့် မြို့နယ်တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ဇလောင်း(တောင်)စံပြကျေးရွာ၌  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

ဇလောင်း(တောင်)စံပြကျေးရွာ ကျေးတွင်းလမ်း အရှည် ၅၃၅ ပေ အကျယ် ၁၂ ပေ အမြင် ခုနစ်လက်မထု ကွန်ကရစ်ခင်းခြင်း နှင့် လမ်းဘေးဝဲ/ယာ အုတ်စီရေမြောင်း အရှည် ၅၃၅ ပေ အကျယ် တစ်ပေခြောက်လက်မ အမြင့် နှစ်ပေ အုတ်ရိုးစီခြင်းလုပ်ငန်းကို  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဒသမ ၅၂ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့ကာ အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ  ၉၀ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၆၉ အိမ်၊ လူဦးရေ ၁၇၄၇ ဦးတို့ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm