တောင်ကြီး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ (၁.၁၀.၂၀၂၁)မှ(၃၁.၁.၂၀၂၂)နေ့ထိ(၆)လနှင့် (၁.၄.၂၀၂၂)မှ(၃၁.၃.၂၀၂၃) ဘဏ္ဍာရေး နှစ်များတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်မှ အမှုဆောင်အဖွဲ့များ၊ အသင်းဝင်ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ သည်။
အဆိုပါ အစည်းအဝေးတွင် တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းခြင်း နှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်၍ အတည်ပြုချက်များကိုရယူဆောင်ရွက်ခြင်း၊ အသင်းတွင် လစ်လပ်နေသောအမှုဆောင်များအား ရွေးချယ်တင်မြှောက်ခြင်းနှင့် ကတိသစ္စာခံယူခြင်းတို့ကို ဆောင်ရွက်၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်