Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(VDP)စီမံကိန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းဆင့်ပွားသင်တန်းဖွင့်


18 Jan,2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်မားစေရန်နှင့် စီမံကိန်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်းသိရသည်။ ရှေးဦးစွာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်က အဖွင့်အမှာစကားပြောကြားနောက် ဝန်ထမ်းများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရေးနှင့် လုပ်ငန်းခွင်၌ ပိုမိုကျွမ်းကျင်မှုရှိစေရေး ရည်ရွယ်၍ စီမံကိန်းဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုက သင်တန်းများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို မွန်ပြည်နယ်ရုံးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်း ( ၁၅ )ဦး  တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ဌာနတွင်အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသော VDPစီမံကိန်းများနှင့်ပတ်သက်သည့် သင်ခန်းစာဘာသာရပ်များကို သင်တန်နည်းပြဆရာမများက စာတွေ့ လက်တွေ့ဖြင့်  ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm