ချောက် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မြို့ပြနှင့် ကျေးလက်ကွာဟမှုကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ချောင်းဦး-ညောင်ဇင်-ထိန်ကန်ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များက ကျေးရွာကော်မတီဝင်များနှင့်အတူ ချောင်းဦး-ညောင်ဇင်-ထိန်ကန်ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)ဦးဇော်မင်းထွဋ်က ဆောင်ရွက်ပြီးသော လမ်းပေါ်တွင် ကျေးလက်နေပြည်သူများ အန္တရာယ်ကင်းစေရန်အတွက် အန္တရာယ်သတိပေးလမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူသွားရန်နှင့်ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် ချောင်းဦး-ညောင်ဇင်- ထိန်ကန်ကျေးရွာချင်းဆက်လမ်း အရှည် ၂ ဒသမ ၄ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့်ရှစ်လက်မရှိ မြေနီခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၀ ဒသမ ၄ သန်းဖြင့် တင်ဒါအောင်မြင်သော KZEN ကုမ္ပဏီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာ လေးရွာ၊ အိမ်ခြေ ၉၅ဝ နှင့် လူဦးရေ ၃၅ဝဝ ဦးတို့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် ရာသီမရွေးသွားလာရအဆင်ပြေနေပြီဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်