မိုင်းရယ် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန်မိုင်(ခိုင်းယွန်း)-ဟိုက်ပုလမ်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်ကျောက်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ ၁၆ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၁ ဒသမ ၀၇၃ သန်း၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် ၁၇၂ ဒသမ ၉၁၈၅ သန်းဖြင့်ဆောင်ရွက်သည့် မိုင်းရယ်မြို့နယ် မန်မိုင်(ခိုင်းယွန်း)-ဟိုက်ပုလမ်း၌ ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မိုင်းရယ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးညွန့်မင်းသူက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကိုလိုက်လံရှင်းလင်းပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် မန်မိုင် (ခိုင်းယွန်း)-ဟိုက်ပုလမ်း၌ အရှည် တစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ခြောက်လက်မရှိ ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို မောဝ်ချယ်ရီကုမ္ပဏီနှင့် မိုင်းရယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်