ပူတာအို ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဖီးလ်နစ်ဝိုင်ထုတ်လုပ်ရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဒေသထွက်ဂရိတ်ဖရုသီးများအား တစ်ဆင့်မြှင့်ထုတ်ကုန် ဂရိတ်ဖရုဝိုင် အဖြစ်ထုတ်လုပ်လျက်ရှိသည်။
အဆိုပါအသင်းသည် ရာသီပေါ်ဂရိတ်ဖရုသီးများအား ကြံရည်နှင့်အချိုးကျရော၍ ဝိုင်ဖောက်ရာ အနည်းဆုံး ၃ လကျော်မှစတင်၍ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တစ်လလျှင် 750 ml ပုလင်း ၉၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်းနှင့် ဝိုင်ပုလင်းများအား ကချင်ပြည်နယ်အတွင်းသာမက အခြားတိုင်း ဒေသကြီး/ပြည်နယ်များသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်