Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုင်းဒေသကြီးဝန်ကြီးချုပ် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း မြေနီလမ်းသစ်ဖွင့်ပွဲ တက်ရောက်


16 Jan,2024

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၅

            မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၄ ရက်က အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး- ကုက္ကိုစမ်း-ညံတောအင်း မြေနီလမ်းသစ်ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မြေနီလမ်းကို ပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းရန်လို

            ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတစ်ဝန်းတွင် ဒေသစုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်များ၊ သီးနှံများ သယ်ပို့ရောင်းချနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ ကောင်းမွန်ရေးသည် အဓိကလိုအပ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် မြေနီလမ်းအပါအဝင် လမ်းများအားလုံးကို ရေရှည်တည်တံ့ခိုင်မြဲရေး၊ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသော မြို့ပြများ ဖြစ်ထွန်းလာစေရေးတို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

            အဆိုပါ မြေနီလမ်းသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုသည်။

            အဆိုပါ သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် (၃/၆) မိုင် မြေသားတာပေါင်ချဲ့၍ မြေနီကျောက်စရစ် ၁၈ ပေ၊ အကျယ် ရှစ်လက်မ ထုခင်းကြိတ်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၂၆ ဒသမ ၉ သန်းဖြင့် တည်ဆောက်ခဲ့ခြင်း တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်ခဲ့ပြီး အနီးဝန်းကျင်ရှိ ကျေးရွာခြောက်ရွာမှ ဒေသခံ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း (ဆင်ပေါင်ဝဲ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm