ဘားအံ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ထပ်တိုးဆောင်ရွက်မည့် ကော့ကဒါ ကျေးရွာအုပ်စု၊ ဘုရားကြိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်း က အဆိုပါကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ရှေးဦးစွာ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်၊ အကျိုးကျေးဇူးများ၊ ကျေးလက်နေပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်များ၊ တာဝန် ဝတ္တရားများကို ရှင်းလင်းပြောကြားသည်၊၊
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းလက်စွဲစာစောင်ပါ ကော်မတီ ရွေးချယ် ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကော်မတီဝင်များ၏ တာဝန်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်၊၊
ထို့နောက် တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ် ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်၊၊
ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် ဘုရားကြိုင် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စီမံကိန်းနှင့် အကျုံးဝင်သည့် လုပ်ငန်းများတွင် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်၊၊
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်