ရေနံချောင်း ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာ လာကာ ဆင်းရဲမှုလျော့ကျလာစေရန် ရည်ရွယ်၍ ရွှေတုတ်ကန်ကျေးရွာအုပ်စု၊ မကျီးတိုင်းကျေးရွာ၌ ပဉ္စမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငုဝါရွှေက မကျီးတိုင်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံ ကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးကျေးဇူးများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်၊၊
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ အရင်း၊ အတိုးပေးဆပ်ရမည့် ကာလသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၆၀ ကို လွှဲပြောင်းပေးအပ်သည်၊၊
ထို့နောက် မကျီးတိုင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပဉ္စမအကြိမ် အဖြစ် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၂၉ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၁၁၇ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ ၁၃ဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၅၉ဦးကို ငွေကျပ်သိန်း ၃၆၀ ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်၊၊
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်