နောင်ချို ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် သရက်ကုန်း-ဉာဏ်တော-ဖာသွန်း- နောင်ချိုကြီးလမ်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄ဝ ဒသမ ၈၆၆ သန်းဖြင့် ဆောင်ရွက်သည့် နောင်ချိုမြို့နယ် သရက်ကုန်း- ဉာဏ်တော-ဖာသွန်း-နောင်ချိုကြီးလမ်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နောင်ချိုမြို့နယ် သရက်ကုန်း - ဉာဏ်တော-ဖာသွန်း-နောင်ချိုကြီးလမ်းတွင် လမ်းအရှည် ၁ ဒသမ ၂ မိုင်၊ အကျယ် ၁၆ ပေ၊ အမြင့် ခြောက်လက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို နောင်ချိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပေါမိကုမ္ပဏီက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် နိုဝင်ဘာလက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်