Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်


15 Jan,2024

မိတ္ထီလာ၊ ဇန်နဝါရီ ၁၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာတွင် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင် လိုသူ သင်တန်းသား (၁၅)ဦးအား တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းနှင့် မိတ္ထီလာမြို့နယ်၊ မွေကျေးရွာတွင် လူသုံးကုန်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား (၁၅) ဦးအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင် တတ်မြောက်အောင် သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

          အဆိုပါ သင်တန်းတစ်ခုချင်းစီမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော ထူးချွန် သင်တန်းသား (၅)ဦးစီ စုစုပေါင်း သင်တန်းသား (၁၀)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)၌ ကျင်းပရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ မိတ္ထီလာမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ) ကျောင်းအုပ်၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

          ထို့နောက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၁၀)ဦးကို သင်တန်းသား တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က အဆိုပါ ထူးချွန်သင်တန်းသား (၁၀)ဦးအား ဆုများ ချီးမြှင့်ပေးအပ်ပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ) ကျောင်းအုပ်က သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm