တောင်ကြီး ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ သမဝါယမ ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များအား ကွင်းဆင်းတွေ့ဆုံခြင်း ကို ဆီဆိုင်မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/လုပ်နည်း၊ ညွှန်ကြားချက်များလိုက်နာဆောင်ရွက်ရန်နှင့် မိုးစပါး၊ နွေစပါး များစိုက်ပျိုးမှုများ အား လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် မှာကြားခဲ့သည်။
ဆက်လက်၍ ဆီဆိုင်မြို့နယ်သမဝါယမအသင်းစုပိုင်ခြံနှင့် ဘန်းယဉ်ကျေးရွာရှိ လွယ်မော တောင်လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း နှင့် နောင်မွန်ကျေးရွာရှိ ရွှေပဒေသာ လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ ပိုင်ဆောင်သော အသင်းပိုင် အဆောက်အဦ များကို အသင်းဆိုင်ဖွင့်လှစ်နိုင်ရေး အသင်းအမှုဆောင်များအား မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်