ဘိုကလေး ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ဘိုကလေးမြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်နှင့် တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဆိုင်ကယ်ပြင်သင်တန်း စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သင်တန်းသားများအား အခြေခံဆိုင်ကယ်ပြုပြင်ခြင်းဆိုင်ရာဘာသာရပ်များကို သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာသင်ယူကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထိ ၃၀ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာမှ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်