ပဲခူး ဇန်နဝါရီ ၁၆
သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တောင်ငူမြို့ရှိ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းနှင့် သဲကုန်း မြို့နယ်ရှိ ချမ်းမြေ့ငါးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်းတို့၏ အသင်းပိုင်ငါးကန်များ၌ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးခုံးမနှင့် ရွှေဝါငါးမျိုးများ မွေးမြူထား ရှိသည်။
အဆိုပါ အသင်းပိုင်ငါးကန်များမှ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ယနေ့ထိ ဖော်ထုတ်ရရှိသည့် ငါးမျိုးစုံပိဿာချိန် ၁၄၄၈၈၅ ၊ တန်ဖိုးအားဖြင့် ငွေကျပ်သန်း ၆၉၁.၁၈၇၀ ကို စားသုံးသူ ပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်