တောင်တွင်းကြီး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ သန်း ၁၂၀ ဖြင့် ဆောင်ရွက်လျက်ရှိသော (တောင်တွင်း- အောင်လံကားလမ်း)- ဂွေးကုန်းလမ်းပေါ်ရှိ ပေ ၃၀ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးသည့် Bored Pile များကို ဇန်နဝါရီ ၁၃ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများက လုပ်ငန်းစစ်ဆေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်း လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်