Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ကွန်ကရစ်လမ်းခင်းခြင်း၊ဆိုလာရေသန့်စင် စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း


15 Jan,2024

ဝမ်းတွင်း  ဇန်နဝါရီလ  ၁၅

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (VDP)ဖြင့်    ဆင်ချီတိုင်အုပ်စု၊    ဆားတောင်ကျေးရွာ၊ ဗြင်ကြီးအုပ်စု၊   ကျွဲတပ်ကျေးရွာ၊  ရာသင်္ချာအုပ်စု၊  ရာသင်္ချာကျေးရွာ၊  တောင်ဘိုအုပ်စု၊    တောင်ဘို ကျေးရွာ၊  ရွှေတောင်အုပ်စု၊  ရွှေဂံကျေးရွာ၊  ထီးလှိုင်အုပ်စု၊  ထီးလှိုင်(န) ကျေးရွာတို့တွင်  နိုင်ငံတော် ထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄.၅)သန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိပါသည်။

ယခုအခါ တောင်ဘိုအုပ်စု၊တောင်ဘိုကျေးရွာတို့တွင်(VDP)စီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ ငွေ(၁၅)သန်း  ပြည်သူထည့်ဝင်ငွေ(၄.၅)သန်း စုစုပေါင်း(၁၉.၅)သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်း ခြင်း(၅၅၀¢x၁၂¢x၀¢-၆²)၊ ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းတို့မှာ (၁၀၀%)ဆောင်ရွက်ပြီးဖြစ်ပါသည်။  အဆိုပါလုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများအား မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm