Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ သပြေကန်(တ+မ)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


15 Jan,2024

မန္တလေး ဇန်နဝါရီ  ၁၅

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆည်အောင်ကျေးရွာအုပ်စု၊ သပြေကန်(တ+မ)ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်စေရန် ရည်ရွယ်၍ အရင်း မပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းခိုင်ဦးက  စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံက စီမံကိန်းအကြောင်းအရာ များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဦးဝင်းခိုင်ဦးက  သပြေကန်(တ+မ) မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ငွေကျပ် ၄၁ ဒဿမ ၆ သန်း လွှဲပြောင်း ပေးအပ်သည်။

           ထို့နောက် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီး ကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးရေ ၅၂ ဦးအား ငွေကျပ်(၂၀.၂၅)သန်း ၊မွေးမြူရေးလုပ်ကိုင်သူဦးရေ ၅၃ ဦးအား ငွေကျပ်(၁၉.၆၅) သန်း ၊ အရောင်းအဝယ် ၅ ဦး ငွေကျပ်(၁.၇)သန်း၊၊ စုစုပေါင်း အသင်းသား၊ အသင်းသူဦးရေ ၁၁၀ကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၄၁.၆)သန်းထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm