Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်(၁)ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်


15 Jan,2024

ဘုတ်ပြင်း ဇန်နဝါရီလ

          တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုတ်ပြင်း မြို့နယ် အေးချမ်မြိုင်(၁)ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို ဇန်နဝါရီ ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီက အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

          ရှေးဦးစွာ ဘုတ်ပြင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦး က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘုတ်ပြင်းမြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် တာဝန်ရှိသူများက သင်တန်းအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသမှုကို ကြည့်ရှု့ အားပေးသည်။

          အခြေခံစက်ချုပ်သင်တန်းသို့ ဘုတ်ပြင်းမြို့နယ် အေးချမ်မြိုင်(၁) ကျေးရွာမှ သင်တန်းသူ စုစုပေါင်း ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက အင်္ကျီလုံချည်ချုပ်နည်းအမျိုမျိုးကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် ဇန်နဝါရီ ၁၀ ရက်မှ မတ် ၁၀ရက်ထိ သင်တန်းကာလ နှစ်လကြာ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm