Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများ စစ်ဆေး


15 Jan,2024

မြိတ် ဇန်နဝါရီလ

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ဖို့ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလု်ငန်းစီမံကိန်း (RBF)လုပ်ငန်းများ ဆောင်ရွက်နေမှုခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ဝန်ဖို့ကျေးရွာ၌ အသေးစားမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လအလိုက်ဖြည့်သွင်းရမည့် စာရင်းဇယားများပြည်စုံ မှန်ကန်မှု ရှိ၊မရှိ တို့ကိုကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သတ်မှတ်ရက်အတွင်း အရင်းငွေ၊ အတိုးငွေ များကို ပေးသွင်းစေလိုကြောင်း မှာကြားခဲ့သည်။

          မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်မည့် အဖွဲ့(၁) အားမာန်အဖွဲ့ကို ငွေကျပ်(၇၅)သိန်း၊အဖွဲ့(၂)အားပြည်စုံအဖွဲ့ကို ငွေကျပ်(၇၅)သိန်း၊အဖွဲ့(၃)ကောင်းထက် အဖွဲ့ကို ငွေကျပ်(၇၅)သိန်းနှင့်အဖွဲ့(၄)ကောင်းကျိုးပြုအဖွဲ့ကို ငွေကျပ်(၇၅)သိန်းထုတ်ချေးပေးထားကြောင်း၊ အစုအဖွဲ့တစ်ဖွဲ့လျှင် ဝက်အကောင်ရေ ၃၀ နှုန်းဖြင့် စုစုပေါင်း CP ဝက်အကောင်ရေ ၁၂၀ မွေးမြူထား ကြောင်း သိရသည်။

          အဆိုပါ RBF စီမံကိန်းကို စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အငယ်စား၊အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရန်အတွက် လိုအပ်သော အရင်းအနှီ များရရှိစေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm