Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်းအခမ်းအနား ကျင်းပ


12 Jan,2024

ဇေယျာသီရိ    ဇန်နဝါရီ   ၁၂

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်ချက်ကျေးရွာအုပ်စု၊ ထိန်ပင်ကျေးရွာနှင့် နန်းဩ ကျေးရွာအုပ်စု၊ သိုက်ချောင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ချပြရှင်းလင်း ခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ကျင်းပသည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာကြ‌သော ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် ထိန်ပင်ကျေးရွာနှင့် သိုက်ချောင်းကျေးရွာကော်မတီဝင်များထံသို့ လုပ်ငန်း လွှဲပြောင်း မှတ်တမ်းလွှာများ လွှဲပြောင်းပေးအပ်ခဲ့ရာ ကော်မတီဝင်များကိုယ်စား ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊၊

အဆိုပါ ကျေးရွာနှစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အရှည်ပေ ၁၇၀၀၊ အကျယ် တစ်ပေခြောက်လက်မ၊ အမြင့် တစ်ပေခြောက်လက်မရှိ ရွာတွင်းအုတ်စီ ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် ၁၅သန်း၊ ပြည်သူလူထုထည့်ဝင် ငွေကျပ် ၃ ဒသမ ၄၉၈သန်း၊ စုစုပေါင်း ငွေကျပ် ၁၈ ဒသမ ၄၉၈သန်းစီ အသုံးပြုကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် အောက်တိုဘာ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် သက်ဆိုင်ရာ ကော်မတီဝင်များထံသို့ လုပ်ငန်းများ လွှဲပြောင်း အပ်နှံခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်၊၊


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm