Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သပိတ်ကျင်းမြို့နယ် မြိုင်သာယာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


15 Jan,2024

သပိတ်ကျင်း ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သပိတ်ကျင်းမြို့နယ် မြိုင်သာယာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများက သပိတ်ကျင်းမြို့နယ် မြိုင်သာယာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အရောင်းအဝယ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထား​မှု၊ စာရင်းဇယားများ မှန်ကန်စွာ ရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုရှိမရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သပိတ်ကျင်းမြို့နယ် မြိုင်သာယာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အရောင်းအဝယ် လုပ်ငန်းများလုပ်ကိုင်သူစုစုပေါင်း ၅၄ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေသိန်း ၃၀၀ ထုတ်ချေးပေးထားကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm