ကျိုက်ထို ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သမဝါယမအသင်းစုလီမိတက်နှင့် နီလာဈေးသမဝါယမ အသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဆောင်ရွက်ပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်နှင့် ပြည်နယ် သမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးမြင့်အောင်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုနှင့် နီလာဈေးသမဝါယမအသင်းလီမီတက်တို့၏ ဘဏ္ဍာ ရေးအစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာတို့အား ဒေါ်ဇင်ဇင်ခိုင်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ နီလာဈေးသမဝါယမအသင်းလီမီတက်မှ စုဆောင်းငွေအများဆုံးဆု (ပထမ၊ ဒုတိယနှင့် တတိယဆု) နှင့် နေ့စဉ်ငွေသွင်းရက်မှန်သောသူ(၂၃)ဆုတို့အား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်