နေပြည်တော် ဇန်နဝါရီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမ (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သက်မွေးပညာသင်တန်းကျောင်းများ မှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၃ ဦး အပါအဝင် စုစုပေါင်း ၁၉၆ ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်သို့ ခရီးစဉ်မှ ရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချ နိုင်စေရန်၊ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုမောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ ရင်းနှီးချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ပွားများ ခိုင်မာ လာစေရန်နှင့် သင်တန်းတွင် သတ်မှတ်အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်/ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိနိုင်မည် ဖြစ်သည့်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်းနှင့်သန်လျင်)သို့ သွားရောက် လေ့လာခြင်းဖြင့် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိရေး ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှှင့် လုပ်ငန်းအတွေ့အကြုံကို တစ်ပါတည်းရရှိစေရန်အတွက် Internship Program များ ထည့်သွင်း ရေးဆွဲခဲ့ပြီး သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လက်တွေ့လေ့လာ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်း များ၊ ဘဏ်များကို ဖိတ်ခေါ်၍ ပြုလုပ်ရန်အတွက် ချိတ်ဆက် ကျောင်းသား၊ ကျောင်းသူ စားသောက်စရိတ်၊ တူညီဝတ်စုံများအပြင် စာရေးကိရိယာများ၊ အိပ်ယာ၊ ကုတင်၊ ခြင်ထောင် စသည်များကို အခက်အခဲမရှိအောင် အခမဲ့အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာနက စီစဉ်ပေးထားပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကို ကြိုးစားသင်ယူပြီး မိမိအတွက်၊ မိသားစုအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထား
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ သင်တန်းကျောင်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးပြီး လေ့လာရေး ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာအကပဒေသာဖြင့် ဖျော်ဖြေပြီး ဂုဏ်ပြု ညစာအတူ သုံးဆောင်ခဲ့ကြသည်။
လေ့လာရေးကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ပြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်အတူ လေ့လာရေးအဖွဲ့များက စုပေါင်း၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဗုဒ္ဓရုပ်ပွားတော် ခဲ့ပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)သို့ သွားရောက်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများ၊ စိန်ရတုပြတိုက်သို့လေ့လာခြင်းနှင့် ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များကို လိုက်လံရှင်းလင်းပြသပြီးနောက် လေ့လာရေးအဖွဲ့များ၏ရိုးရာအကများကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။
လေ့လာရေးခရီးစဉ်အတွင်း ယမန်နေ့ နံနက်ပိုင်း၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)သို့သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး) နှင့် ကျောင်းသူ(၁၁၁)ဦးတို့က သွားရောက်လေ့လာခဲ့ကြရာ တက္ကသိုလ်ပါမောက္ခချုပ်က လေ့လာရေး အဖွဲ့အား ကြိိုဆိုနှုတ်ဆက်ခြင်း၊ သင်တန်းရေးရာဌာနမှူးက တက္ကသိုလ်သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ သက်မွေးသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်း၊ တက္ကသိုလ်မှ ကျောင်းသား/သူများနှင့် လေ့လာရေး ခရီးစဉ်မှ ကျောင်းသား/သူများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ လေ့လာရေး အဖွဲ့များက တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုခြင်းနှင့် အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) သင်တန်းကျောင်းများအနေဖြင့် လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ(၂)နှစ်သင်တန်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းကျောင်းများသို့ အခြေခံပညာအဋ္ဌမတန်း(စနစ်ဟောင်း)/Grade 10 (စနစ်သစ်) အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။ သင်တန်းပထမနှစ်တွင် (Business Accounting (စာရင်းရေး စာရင်းကိုင်ပညာ)၊ Fundamentals of ICT၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ)ဘာသာရပ်များနှင့် ဒုတိယနှစ်တွင် Cost Accounting၊ Financial Accounting၊ Computerized Accounting၊ Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ) ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပါသည်။ သင်တန်းဒုတိယနှစ် အောင်မြင်ပြီးသူများမှ ဘာသာစုံ အောင်မှတ်ရရှိပြီး အထူးပြုဘာသာရပ်များတွင် ဂုဏ်ထူးမှတ်ရရှိသူများနှင့် သင်္ချာ ဘာသာ ဂုဏ်ထူးမှတ်ရရှိသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာ ဆက်လက်သင်ယူနိုင်ခွင့်ရရှိမှာဖြစ်ပြီး သင်တန်းကာလ(၂)နှစ် အောင်မြင်ပြီးပါက Certificate in Business Accounting လက်မှတ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။