နေပြည်တော် ဇန်နဝါရီ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့ များတွင် ဖွင့်လှစ်၍ သမဝါယမနှင့် စာရင်းရေးစာရင်းကိုင်ပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိရာ ၎င်းကျောင်းများတွင် တက်ရောက်သင်ယူနေကြသော ကျောင်းသားကျောင်းသူများအနေဖြင့် အချင်းချင်းခင်မင်ရင်းနှီးမှုရရှိစေရန်၊ စာတွေ့လက်တွေ့လုပ်ငန်းများအပြင် ဒေသန္တရဗဟုသုတများ ရရှိစေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန် ထက်မြတ်လာစေရန် ရည်ရွယ်လျက် နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းအစီအစဉ်အရ သင်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာ ဆရာမများနှင့် ပထမနှစ်ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၆၉) ဦးတို့သည် ယနေ့ညနေပိုင်း တွင် ရွာတော် တည်းခိုရေးနှင့်စစ်ကြောရေးစခန်းသို့ ရောက်ရှိလာရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန် ရှိသူများက ကြိုဆို၍ စနစ်တကျ နေရာချထားပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆင်ဖြူရှင်ခန်းမတွင် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ လေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက်ပေးရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရီးစဉ်အတွေ့အကြုံများကို မိမိတို့ဒေသတွင် ပြန်လည်မျှဝေရန်၊ သင်တန်းပြီးဆုံးပါက တက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးစားသင်ယူကြရန်၊ နိုင်ငံတော်က အားထား ရသော စာရင်းအင်းနှင့် စီးပွားရေးအတတ်ပညာရှင်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး စားရိပ်သာတွင် ကျောင်းအုပ်များ၊ ကြီးကြပ်သူဆရာ ဆရာမများ၊ သင်တန်းသားများနှင့်အတူ ညစာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။