နေပြည်တော် ဇန်နဝါရီ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအောင်မြင်ရေး ဦးစီးဌာန (၄)ခု ဝိုင်းဝန်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများအား သမဝါယမအသင်းအဖွဲ့ စနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသားတောင်သူများ လိုအပ် သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product-OVOP) ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရေးနှင့် မဆောင်ရွက်နိုင်သော လုပ်ငန်းများ အချိန်မီပြန်လည်အပ်နှံရေး ဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များကို စေတနာထား ဆောင်ရွက်ခြင်းဖြင့် အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရေး၊ ကျန်းမာရေးအသိ လုံခြုံရေးသတိ တို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ရက်ကန်းပညာများ သင်ယူနေကြသည့် သင်တန်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများကို ယခုဘဏ္ဍာနှစ်မှ စတင်ဖွင့်လှစ်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် လုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးနေပါကြောင်း၊ ရက်ကန်းပညာရပ်များကို ရိုးရာမပျက် ခေတ်မှီဒီဇိုင်းဆန်းများ တီထွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလေ့လာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသူများ၏ လေ့လာသင်ယူနေမှုများအား ကြည့်ရှုအားပေးကာ သင်တန်းကျောင်း၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။