မြို့သစ် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြင်သာကျေးရွာ၊ ပေပင်ကုန်းကျေးရွာ၊ ပန်းတောကျေးရွာ၊ ရုံးတောကျေးရွာ၊ ဒေါ်ယင်းကုန်းကျေးရွာ၊ ပုလင်းကြီးကျေးရွာနှင့် မကြီးချို(မ)ကျေးရွာတို့၌ တစ်ရွာလျှင် VDP စီမံကိန်းထောက်ပံ့ငွေ ကျပ် ၁၅ သန်းစီနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို မကွေးခရိုင်နှင့် မြို့သစ်မြို့နယ်ရှိ အင်ဂျင်နီယာဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃ ခုနှစ် စက်တင်ဘာ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည့်အတွက် အဆိုပါကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၁၉၆၁ အိမ် နှင့် လူ ၁၀၂၀၀ ဦး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွက်ရာ၌ လမ်းပန်ဆက်သွယ်ရေး အဆင်ပြေလွယ်ကူလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များရေးဆွဲရန်၊ ကျေးရွာသူကျေးရွာသားများ၏ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြိုသစ်မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်မှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်